Friday, June 24, 2011

အရေးပေါ်..သွေးသွန်လူနာ

အရေးပေါ်သွေးသွန်လူနာရှင် ကို….(ဆက်သွယ်ရန်…..016-6162 781)သည် ၃ ရက် ၅ လပိုင်းတွင်စတင်ကာ
အစားပျက် အသောက်ပျက်ဖြစ်၍အားပျက်ခြင်းဝေဒနာကို စတင်ခံစားလာခဲ့ပါသည်။ပတ်ဝန်းကျင်ကို ဒုက္ခမပေး
ချင်၍တစ်ကြောင်း၊ရောဂါခံစားနေရသည်ကို လူသိခံရမှာရှက်ကြောက်၍ တစ်ကြောင်း အားလုံးကို အသိမပေး
ဘဲနေလာခဲ့သည်မှာ ရက်သတပတ် ၁ ပတ်ကျော်ကျော်ရှိပြီ ဖြစ်သည်။နောက်ဆုံး အားအင်ချည့်နဲ့လာကာ
ဝမ်းသွားသွေးပါလာသောအခါမှ ဆေးခန်းသွားရောက်ပြသ သောအခါ ဆရာဝန်မှ ချက်ခြင်းဆေးရုံသို့သွားရန်
ဆေးစာ ရေးပေးခဲ့ပါသည်။နောက်တစ်နေ့ မနက်ပိုင်းတွင် ဆေးစာယူ၍ ကျတော်တို့ ပရဟိတ အသင်းသားများနှင့်အတူ ဆာတန်းဆေးရုံသို့ သွားရောက်ခဲ့ပါသည်။အရေးပေါ် ဆေးစစ်ချက်ယူပြီးနောက်
ကို…….အား…ဂလူးကို့စ် ၁ ပုလင်း၊သွေး ၄ ပုလင်းသွင်းပြီး…ဆေးရုံသို့တင်ထားလိုက်ပါသည်။
ဝေဒနာရှင်သည် ဆေးရုံတွင် ၃ ညအိပ် ၄ ရက်နေပြီးနောက် အခြေအနေ ပြန်လည်ကောင်းမွန်လာပါသဖြင့်
ဆေးရုံမှ ဆင်းခွင့်ရခဲ့ပါသည်။ယခုအခါ ကို……သည်ကျန်းမာရေးပြန်လည်ကောင်းမွန်လာ၍ယခင်ပုံမှန်အတိုင်း
အလုပ်ခွင်သို့ ပြန်လည်ဝင်ရောက်လုပ်ကိုင်နေနှိုင်ပြီ ဖြစ်ပါသည်။
(မှတ်ချက်။ ။ကို------အားဆေးရုံသို့ တင်ရန်အတွက် သူ၏လက်ထဲတွင် ပက်စ်ပို့ စာအုပ် မရှိပါ၍
(အခြားသူ တစ်ယောက်၏ မိတ္တုအား ကိုင်ဆောင်ထားပါသဖြင့်)အလွယ်တကူ တင်၍
မရနိုင်ပါ။မိတ္တုပြ၍ တင်ပြီးပါက ဆေးရုံမှဆင်းသောအခါ မူရင်းပတ်စ်ပို့ စာအုပ်ပြရပါသည်။
သို့ပါသောကြောင့် ကျတော်တို့ပရဟိတ အသင်းအနေဖြင့် ဆေးရုံသို့ အလွယ်တကူ ဝင်ရောက်
ဆေးကုသမှု့ ခံယူနိုင်ရန်အလို့ငှာ ကျန်းမာရေးနှင့် အသင့်တော်ဆုံးဖြစ်မည်ထင်သော (BRO-BURMA
REFUGEE ORGANIZATION)မြန်မာ ဒုက္ခသည်များဆိုင်ရာ အသင်းဝင်ကဒ်အား လက်တလောလုပ်၍
ဆေးရုံသို့တင်ခဲ့ပါသည်။ထို အသင်းဝင်ကဒ်မှာ ကျန်းမာရေး အတွက်သီးသန့် ပြုလုပ်ထားသော ပုံစံ
တစ်ခုလိုပင် ဆေးရုံမှ အစစ်အဆေး အမေးအမြန်းမရှိဘဲ အားလုံးအဆင်ပြေ ချောမွေ့စွာ ဆေးကုသမှု့
ခံယူနိုင်ခဲ့ပါသည်)
…ပရဟိတ အသင်းသားများအနေဖြင့် ကို------တစ်ယောက်ကျန်းမာရေးပြန်လည် ကောင်းမွန်လာပြီး….
လန်းလန်းဆန်းဆန်းတွေ့ရပါသဖြင့် အထူးပင် ဝမ်းမြောက်ဝမ်းသာ ဖြစ်ရပါကြောင်း….
………….ပရဟိတ ..အသင်းသားများ……

Thursday, June 23, 2011

ဗိုက်အောင့်ဝေဒနာရှင်

‘ကို….(ဆက်သွယ်စုံစမ်းနိုင်ရန်….016-2004331)သည် သွေးသွန်ရောဂါဝေဒနာရှင်နှင့် တစ်ရက်တည်းတွင်
ဗိုက်အောင့်ရောဂါ ဝေဒနာကြောင့် ဆာတန်းဆေးရုံသို့ တက်ရောက်ကုသမှု့ခံယူခဲ့သော သူဖြစ်သည်။
ခံစားနေရသော ဝေဒနာမှာ ၃ ရက်နှင့် ၃ ညဆက်တိုက်ရှိသွားပြီဖြစ်သည်။သွေးသွန်ဝေဒနာရှင်အား ဆေးရုံ
လိုက်ပို့မည့် မနက်တွင် ၄င်းအားအရေးပေါ် အခြေအနေနှင့် တွေ့ရှိရ၍ ကျတော်တို့ အသင်းမှ ခေါ်ဆောင်သွားခြင်းဖြစ်သည်။ဆေးရုံရောက်၍ ဆရာဝန်၏ ဆေးစစ်ချက်အရ တွေရှိရသော ရောဂါမှာ
အစာစားချိန် မမှန်သောကြောင့်တစ်ကြောင်း၊ကွမ်းယာအစားများသောကြောင့် လည်းကောင်း ဗိုက်အောင့်
ခြင်းဖြစ်သည်။ဆရာဝန်မှ ဆေးစစ်ချက်ယူပြီးနောက် လိုအပ်သော ဆေးကုသမှု့ခံယူပြီးနောက် နေ့လည်ပိုင်းတွင်
နေအိမ်သို့ပြန်လည်ရောက်ရှိလာပါသည်။ယခုအချိန်တွင် ကို…….သည် ကျန်းမာရေးပြန်လည်ကောင်းမွန်လာ၍
ပုံမှန်ပြန်လည် အလုပ်ခွင်သို့ ဝင်နေနိုင်ပြီဖြစ်ပါသည်။
…ကျတော်တို့ ပရဟိတ အသင်းအနေဖြင့်လည်း ထိုသူတစ်ယောက်ကျန်းမာရေးပြန်လည် ကောင်းမွန်လာသောကြောင့် အထူးပင်ဝမ်းမြောက် ဝမ်းသာဖြစ်ရပါကြောင်း……………..
ပရဟိတ အသင်းသားများ……..

Thursday, June 9, 2011

စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်ပွဲ ဖိတ်ကြားလွှာ

သာသနာ သက္ကရာဇာ်။ ။၂၅၅၅
ကောဇာနှစ်။ ။၁၃၇၃
ဖိတ်ကြားလွှာ
ဓမ္မမိတ်ဆွေသူတော်စင်အပေါင်းတို့ခင်ဗျာ..ဗုဒ္ဓအဟောဓမ္မသဘောအရ လူသားတို့၏စိတ်သည်
လောဘ(ရယူပိုင်ဆိုင်လိုမှု့)၊ဒေါသ(ခက်ထန်ကြမ်းတမ်းမှု့)၊မောဟ(မသိတက်မှု့)မိစ္ဆာရိယ(သူတပါးစည်းစိမ်ချမ်းသာမှု့ကိုမနာလိုဝန်တိုမှု့)၊
မာန(မိမိစိတ်ကိုထောင်လွှားမှု့)၊ဤစိတ်တို့တွင်သာနေ့တဓူဝ အပျော်အပါးကိန်းအောင်းပြီးမင်းမူနေသောကြောင့် အကုသိုလ်စိတ်တို့ဖြင့်
အမြဲညစ်နွမ်း၍ အသက်ရှင်နေကြရပေသည်။
ဤကဲ့သို့ညစ်နွမ်းနေသော လောဘ၊ဒေါသ၊မောဟ၊မာန တည်းဟူသောစိတ်တို့ကို သန့်ရှင်းစင်ကြယ်စေရန် ကျတော်၊
ကျမတို့၏ မာဂျူဥးဂျာရာဓမ္မာရုံတွင်သံဃာတော်အရှင်သူမြတ်တို့အား ဗုဒ္ဓဘာသာမြန်မာလူမျိုးတို့၏ ထုံးတမ်းအစဉ်အလာနှင့်အညီ
စုပေါင်းဝါဆိုသင်္ကန်း ဆပ်ကပ်လှူဒါန်းပွဲ ကျင်းပပြုလုပ်မည်ဖြစ်ပါသောကြောင့် ကလျာဏဗုဒ္ဓဘာသာအနွယ်ဝင် သူတော်စင်အပေါင်း
တို့အား စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်ပွဲသို့ ပါဝင်လာရောက်ပြီး ကုသိုလ်ပါဝင်နိုင်ကြရန် နိဗ္ဗာန်အကျိုးမျှော်၍ နှိုးဆော်တိုက်တွန်းအပ်
ပါသည်။
ဝေယျာဝစ္စ ကော်မတီအဖွဲ့၊မာဂျူးဂျာရာ ဓမ္မာရုံ

အခမ်းအနား အစီအစဉ်

နေ့ရက်။ ။၁၃၇၃ ခုနှစ်၊ဝါဆိုလဆန်း(၁၀)ရက်
၁၀.၇.၂၀၁၁(တနင်္ဂနွေနေ့)
အချိန်။ ။နံနက်(၈)နာရီမှ ညနေ(၃)နာရီ အထိ
နေရာ။ ။မာဂျူးဂျာ၇ာ ဓမ္မာရုံ(ငမန်းတောင် အပေါ်ဆုံးထပ်)
52C-1 3RD/JLN UTAMA 2/1 TMN
PERINDUSTRIAN PUCHONG UTAMA SEK 2
လမ်းညွန်။ ။U60/T510/58(METRO BUS)ကားစီး၍ မာဂျူးဂျာရာ FOOD COURT မှတ်တိုင်တွင်ဆင်းပါ။

သင်္ကန်းလှူရ အကျိုးကျေးဇူး
ရွှေသို့အဆင်း ညစ်ကြေးကင်း၍ ရောင်ဝင်းထိန်ပ နူးညံ့ရ၏ မကသိန်းဖိုး ပုဆိုးရလေ ညိုရွှေဖြူနီ ဤရှစ်လီ ကျမ်းညီ သင်္ကန်းလှူရ
အကျိုးတည်း။

(မာဂျူးဂျာရာ ဓမ္မာရုံ တွင်ပြုလုပ်မည့် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကြေငြာစာ)

Tuesday, June 7, 2011

နှိုးဆော်လွှာ....ပါခင်ဗျ......

ကဲ..ပရဟိတ အသင်းသားများတို့လေ.....ဝေး.....ဆောင်းအကုန် နွေအကူးခွေးရူးပြန်တဲ့(၆ လပိုင်း) အခါသမယကိုရောက်ရှိပြီ ဖြစ်ပါသဖြင့်စေတနာအကျိုးမျှော်၍အတိုးတော်ငွေ(အဲလေ)လစဉ်ကြေးငွေ ၁၀ အား......အားပါးတရကြီး ထည့်ဝင်နိုင်ကြပြီ
ဖြစ်ပါကြောင်း အသိပေးနှိုးဆော်အပ်ပါသည်ခင်ဗျား......(စေတနာ သဒ္ဒါတအား လွန်စွာမှ ထက်သန်သူများအနေဖြင့် ကျတော်
တို့လက်ရှိ တာဝန်ယူဆောင်ရွတ်ပေးနေသော မိခင်သည်အတွက်လည်း ပိုမို လှူဒါန်းနိုင်ပါကြောင်းခင်ဗျာ...)
.....................ကျေးဇူးတရားကို အစဉ် ဦးထိပ်ထားလျှက်........ပရဟိတ အသင်းသားများ....

Monday, June 6, 2011

ကိုဝန်ဆောင်မိခင်သည်...

တနင်္ဂနွေနေ့လေးပါဘဲ...အားလုံးအတွက်လဲအားလပ်ရက်လေးဖြစ်သလို..အလုပ်ကိစ္စတွေအတွက်လည်း အားလုံးအဆင်ပြေပြေလုပ်ကိုင်နိုင်မယ့်နေ့လေးပါဘဲ။ဒီနေ့ဟာ ကျတော်တို့ ပရဟိတ
အသင်းလေးအတွက်လည်း အရမ်းကို အဆင်ပြေချောမွေ့သွားတဲ့နေ့ပါပဲ။
မိခင်သည် တစ်ဦးဟာလည်း ဒီနေ့မှာဘဲ(ကျတော်တို့နဲ့ ကံပါတယ်ဘဲ ပြောရမလားပါဘဲ)အောင်မြင်စွာ ချောချောမွေ့မွေ့နဲ့ မီးဖွားနိုင်ခဲ့ပါတယ်။တိုက်တိုက်ဆိုင်ဆိုင် သူမနေ့က ကျတော်တို့ဆီကိုရောက်လာပြီး..နောက်နေ့ပြန်မယ်လို့ပြင်နေတုန်းပါ။အဲ..ဒီလိုနဲ့
နောက်နေ့လည်းရောက်ရော...ပြန်တော့မယ်ဆိုလို့..သူ့နေရပ်ကို လိုက်အပို့ လမ်းခုလက်မှာဘဲ(တိုက်တိုက်ဆိုင်ဆိုင် အဲ့ဒီနေရာကလည်း သူဗိုက်အပ်ထားတဲ့ ဆေးရုံနားမှာ)ဗိုက်နာလာပါတယ်။ဒါနဲ့ပဲ တစ်ခါထဲ ဆေးရုံထဲဝင် ဗိုက်ကိုပြကြည့်တော့
ဆရာဝန်က တစ်ခါတည်း မွေးမယ့်ဝတ်စုံကိုလဲပေးပြီးတော့ မွေးခန်းထဲကိုပို့လိုက်ပါတော့တယ်။(ကျတော်တို့သာ နောက်ထပ် ၁၅ မိနစ်လောက်နောက်ကျမယ်ဆိုယင် ကြိမ်းသေပေါက်လမ်းမှာမွေးတယ်ခင်ဗျ...တော်သေးရဲ့ လက်သည်ကလည်း ပါမလာဘူးလေ)သိပ်မကြာလိုက်ဘူးခင်ဗျ..ကလေးပိုက်ပြီးပြန်ထွက်လာပါတော့တယ်။
ကျတော်တို့ ကိုယ့်မျက်လုံးကိုယ်မယုံနိုင်လောက်အောင်ကို ဖြစ်သွားကြပါတယ်။ကျတော်တို့ ထင်ထားတာက အနည်းဆုံးတောင်မှ နောက် ၄ နာရီ ၅ နာရီလောက်ကြာလိမ့်ဦးမယ်လို့ တွက်ထားကြတာပါ။မိခင်ရော ကလေးပါ
လန်းလန်းစန်းစန်းပါဘဲခင်ဗျာ။သမီးမိန်းကလေး မွေးပါတယ်ခင်ဗျ....တနင်္ဂနွေ သမီးလေးပေါ့။၁ နာရီနဲ့ ၂၆ မိနစ်မှာ မွေးပါတယ်။
လောလောဆယ် ဗေဒင်ဆရာ တစ်ဦးကတော့ ကလေးမလေးရဲ့ နာမည်ကို အိယုစံ လို့မှည့်ခေါ်ထားကြောင်းပါခင်ဗျာ...
(ပရဟိတ အသင်းလေးအနေဖြင့်လည်း အောင်အောင်မြင်မြင်နဲ့ ကလေးမွေးဖွားနိုင်ခဲ့တဲ့ မနွယ်နွယ်ဝင်း အတွက်ဝမ်းမြောက်ပါကြောင်း)...................ပရဟိတ အသင်းသားများ....

Friday, June 3, 2011

မေးလ်ထဲကို ရောက်လာတဲ့ စာပါ....ကူညီကြပါ






ဖိုင်အတွင်းပါ ပုံများမှာ မလေးရှားနိုင်ငံ ဂျိုဟိုး ပြည်နယ်အတွင်း တောတွင်းတနေရာတွင် ပါကေး စက်ရုံမှာ အလုပ်လုပ်ရင်း Accident ဖြစ်ကာသေဆုံးသူတစ်ဦး၏ ပုံများဖြစ်ပါသည်..သူဌေးဖြစ်သူမှ လျော်ကြေး တစ်စုံတစ်ရာ ပေးကမ်းခြင်းမရှိပါ...သက်ဆိုင်ရာသို့တိုင်တမ်းလိုသော်လည်း ဆွေမျိုးတော်စပ်သည့် အောက်တွင်ဖော်ပြမည့် သူများမှာ မည်သို့ ဆက်သွယ်တိုင်တမ်းရမည်ကို မသိကြပါ...အောက်တွင်ဖော်ပြမည့် သူများတွင် လိုအပ်သည့် သက်သေ စာရွက်စာတမ်း အပြည့်စုံ ရှိကြပါသည်..
သေဆုံးပုံမှာ ၂၀၁၀ ပြည့်နှစ် ဒီဇင်ဘာ ၂၅ ရက်နေ့နံနက်ံတွင် OT ဆင်းရင်း ပစ္စည်း အတင်ချလုပ်သည့် ဟိုက်ဒရောလစ် အလုပ်မလုပ်သည်ကို ၀င်ရောက်က ဆီထိုးရာမှ ရုတ်တရက် ပြုတ်ကျပြီး ဦးခေါင်းပိုင်းရိုက်မိကာ ပွဲချင်းပြီးသေဆုံးသွားခြင်းဖြစ်ပါသည်...သူဌေးမှ လျော်ကြေးပေးမည်ဟုဆိုကာ အချိန်ဆွဲထားပြီး ယခုအချိန်ရောက်မှ လျော်ကြေးမပေးနိုင်တော့ဟု ဆိုလာပါသည်..
အဆိုပါသူဌေးသည် လျှပ်စစ်မီးခိုးသုံးခြင်း..အလုပ်သမားများအားနှိပ်စက်ခြင်း..မြန်မာပြည်ပြန်လိုသော အလုပ်သမားများအား ပတ်စပို့စ် ပြန်မပေးပဲ နှိပ်စက်ခြင်းများပြုလုပ်ပါသည်...အပြည့်စုံ သိလိုပါက အောက်ပါ ဖုန်းနံပါတ် များအား ဆက်သွယ် စုံစမ်းနိုင်ပါသည်....
မတရား အသက်ဆုံးရှုံးရသူတစ်ယောက်အတွက်
အားကိုးလျက်
ကူညီစေချင်သူတစ်ဦး
ဆက်သွယ်ရန်
မလှိုင်လှိုင်ဝင်း(မလက္ကာ)အစ်မတော်စပ်သူ ၀၁၂ ၆၇၀၂၉၇၃
အတာ(ခ)အောင်ကျော်စိုး...ယခုလက်ရှိ ၎င်းစက်ရုံတွင် အလုပ်လုပ်နေသူ ၀၁၄ ၇၇၅၈၃၆၁
အောင်ကျော်စိုးထံမှာ သက်သေ အထောက်အထားအပြည့်စုံ ရှိပြီး လိုအပ်ပါက စက်ရုံရှိမလေး မ မှ သက်သေလိုက်ပေးမည်ဟု သိရပါသည်...