Monday, June 6, 2011

ကိုဝန်ဆောင်မိခင်သည်...

တနင်္ဂနွေနေ့လေးပါဘဲ...အားလုံးအတွက်လဲအားလပ်ရက်လေးဖြစ်သလို..အလုပ်ကိစ္စတွေအတွက်လည်း အားလုံးအဆင်ပြေပြေလုပ်ကိုင်နိုင်မယ့်နေ့လေးပါဘဲ။ဒီနေ့ဟာ ကျတော်တို့ ပရဟိတ
အသင်းလေးအတွက်လည်း အရမ်းကို အဆင်ပြေချောမွေ့သွားတဲ့နေ့ပါပဲ။
မိခင်သည် တစ်ဦးဟာလည်း ဒီနေ့မှာဘဲ(ကျတော်တို့နဲ့ ကံပါတယ်ဘဲ ပြောရမလားပါဘဲ)အောင်မြင်စွာ ချောချောမွေ့မွေ့နဲ့ မီးဖွားနိုင်ခဲ့ပါတယ်။တိုက်တိုက်ဆိုင်ဆိုင် သူမနေ့က ကျတော်တို့ဆီကိုရောက်လာပြီး..နောက်နေ့ပြန်မယ်လို့ပြင်နေတုန်းပါ။အဲ..ဒီလိုနဲ့
နောက်နေ့လည်းရောက်ရော...ပြန်တော့မယ်ဆိုလို့..သူ့နေရပ်ကို လိုက်အပို့ လမ်းခုလက်မှာဘဲ(တိုက်တိုက်ဆိုင်ဆိုင် အဲ့ဒီနေရာကလည်း သူဗိုက်အပ်ထားတဲ့ ဆေးရုံနားမှာ)ဗိုက်နာလာပါတယ်။ဒါနဲ့ပဲ တစ်ခါထဲ ဆေးရုံထဲဝင် ဗိုက်ကိုပြကြည့်တော့
ဆရာဝန်က တစ်ခါတည်း မွေးမယ့်ဝတ်စုံကိုလဲပေးပြီးတော့ မွေးခန်းထဲကိုပို့လိုက်ပါတော့တယ်။(ကျတော်တို့သာ နောက်ထပ် ၁၅ မိနစ်လောက်နောက်ကျမယ်ဆိုယင် ကြိမ်းသေပေါက်လမ်းမှာမွေးတယ်ခင်ဗျ...တော်သေးရဲ့ လက်သည်ကလည်း ပါမလာဘူးလေ)သိပ်မကြာလိုက်ဘူးခင်ဗျ..ကလေးပိုက်ပြီးပြန်ထွက်လာပါတော့တယ်။
ကျတော်တို့ ကိုယ့်မျက်လုံးကိုယ်မယုံနိုင်လောက်အောင်ကို ဖြစ်သွားကြပါတယ်။ကျတော်တို့ ထင်ထားတာက အနည်းဆုံးတောင်မှ နောက် ၄ နာရီ ၅ နာရီလောက်ကြာလိမ့်ဦးမယ်လို့ တွက်ထားကြတာပါ။မိခင်ရော ကလေးပါ
လန်းလန်းစန်းစန်းပါဘဲခင်ဗျာ။သမီးမိန်းကလေး မွေးပါတယ်ခင်ဗျ....တနင်္ဂနွေ သမီးလေးပေါ့။၁ နာရီနဲ့ ၂၆ မိနစ်မှာ မွေးပါတယ်။
လောလောဆယ် ဗေဒင်ဆရာ တစ်ဦးကတော့ ကလေးမလေးရဲ့ နာမည်ကို အိယုစံ လို့မှည့်ခေါ်ထားကြောင်းပါခင်ဗျာ...
(ပရဟိတ အသင်းလေးအနေဖြင့်လည်း အောင်အောင်မြင်မြင်နဲ့ ကလေးမွေးဖွားနိုင်ခဲ့တဲ့ မနွယ်နွယ်ဝင်း အတွက်ဝမ်းမြောက်ပါကြောင်း)...................ပရဟိတ အသင်းသားများ....

No comments:

Post a Comment

ပြောချင်တာလေးတွေ ပြောခဲ့နိုင်ပါတယ်...