Friday, June 24, 2011

အရေးပေါ်..သွေးသွန်လူနာ

အရေးပေါ်သွေးသွန်လူနာရှင် ကို….(ဆက်သွယ်ရန်…..016-6162 781)သည် ၃ ရက် ၅ လပိုင်းတွင်စတင်ကာ
အစားပျက် အသောက်ပျက်ဖြစ်၍အားပျက်ခြင်းဝေဒနာကို စတင်ခံစားလာခဲ့ပါသည်။ပတ်ဝန်းကျင်ကို ဒုက္ခမပေး
ချင်၍တစ်ကြောင်း၊ရောဂါခံစားနေရသည်ကို လူသိခံရမှာရှက်ကြောက်၍ တစ်ကြောင်း အားလုံးကို အသိမပေး
ဘဲနေလာခဲ့သည်မှာ ရက်သတပတ် ၁ ပတ်ကျော်ကျော်ရှိပြီ ဖြစ်သည်။နောက်ဆုံး အားအင်ချည့်နဲ့လာကာ
ဝမ်းသွားသွေးပါလာသောအခါမှ ဆေးခန်းသွားရောက်ပြသ သောအခါ ဆရာဝန်မှ ချက်ခြင်းဆေးရုံသို့သွားရန်
ဆေးစာ ရေးပေးခဲ့ပါသည်။နောက်တစ်နေ့ မနက်ပိုင်းတွင် ဆေးစာယူ၍ ကျတော်တို့ ပရဟိတ အသင်းသားများနှင့်အတူ ဆာတန်းဆေးရုံသို့ သွားရောက်ခဲ့ပါသည်။အရေးပေါ် ဆေးစစ်ချက်ယူပြီးနောက်
ကို…….အား…ဂလူးကို့စ် ၁ ပုလင်း၊သွေး ၄ ပုလင်းသွင်းပြီး…ဆေးရုံသို့တင်ထားလိုက်ပါသည်။
ဝေဒနာရှင်သည် ဆေးရုံတွင် ၃ ညအိပ် ၄ ရက်နေပြီးနောက် အခြေအနေ ပြန်လည်ကောင်းမွန်လာပါသဖြင့်
ဆေးရုံမှ ဆင်းခွင့်ရခဲ့ပါသည်။ယခုအခါ ကို……သည်ကျန်းမာရေးပြန်လည်ကောင်းမွန်လာ၍ယခင်ပုံမှန်အတိုင်း
အလုပ်ခွင်သို့ ပြန်လည်ဝင်ရောက်လုပ်ကိုင်နေနှိုင်ပြီ ဖြစ်ပါသည်။
(မှတ်ချက်။ ။ကို------အားဆေးရုံသို့ တင်ရန်အတွက် သူ၏လက်ထဲတွင် ပက်စ်ပို့ စာအုပ် မရှိပါ၍
(အခြားသူ တစ်ယောက်၏ မိတ္တုအား ကိုင်ဆောင်ထားပါသဖြင့်)အလွယ်တကူ တင်၍
မရနိုင်ပါ။မိတ္တုပြ၍ တင်ပြီးပါက ဆေးရုံမှဆင်းသောအခါ မူရင်းပတ်စ်ပို့ စာအုပ်ပြရပါသည်။
သို့ပါသောကြောင့် ကျတော်တို့ပရဟိတ အသင်းအနေဖြင့် ဆေးရုံသို့ အလွယ်တကူ ဝင်ရောက်
ဆေးကုသမှု့ ခံယူနိုင်ရန်အလို့ငှာ ကျန်းမာရေးနှင့် အသင့်တော်ဆုံးဖြစ်မည်ထင်သော (BRO-BURMA
REFUGEE ORGANIZATION)မြန်မာ ဒုက္ခသည်များဆိုင်ရာ အသင်းဝင်ကဒ်အား လက်တလောလုပ်၍
ဆေးရုံသို့တင်ခဲ့ပါသည်။ထို အသင်းဝင်ကဒ်မှာ ကျန်းမာရေး အတွက်သီးသန့် ပြုလုပ်ထားသော ပုံစံ
တစ်ခုလိုပင် ဆေးရုံမှ အစစ်အဆေး အမေးအမြန်းမရှိဘဲ အားလုံးအဆင်ပြေ ချောမွေ့စွာ ဆေးကုသမှု့
ခံယူနိုင်ခဲ့ပါသည်)
…ပရဟိတ အသင်းသားများအနေဖြင့် ကို------တစ်ယောက်ကျန်းမာရေးပြန်လည် ကောင်းမွန်လာပြီး….
လန်းလန်းဆန်းဆန်းတွေ့ရပါသဖြင့် အထူးပင် ဝမ်းမြောက်ဝမ်းသာ ဖြစ်ရပါကြောင်း….
………….ပရဟိတ ..အသင်းသားများ……

No comments:

Post a Comment

ပြောချင်တာလေးတွေ ပြောခဲ့နိုင်ပါတယ်...