Thursday, June 9, 2011

စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်ပွဲ ဖိတ်ကြားလွှာ

သာသနာ သက္ကရာဇာ်။ ။၂၅၅၅
ကောဇာနှစ်။ ။၁၃၇၃
ဖိတ်ကြားလွှာ
ဓမ္မမိတ်ဆွေသူတော်စင်အပေါင်းတို့ခင်ဗျာ..ဗုဒ္ဓအဟောဓမ္မသဘောအရ လူသားတို့၏စိတ်သည်
လောဘ(ရယူပိုင်ဆိုင်လိုမှု့)၊ဒေါသ(ခက်ထန်ကြမ်းတမ်းမှု့)၊မောဟ(မသိတက်မှု့)မိစ္ဆာရိယ(သူတပါးစည်းစိမ်ချမ်းသာမှု့ကိုမနာလိုဝန်တိုမှု့)၊
မာန(မိမိစိတ်ကိုထောင်လွှားမှု့)၊ဤစိတ်တို့တွင်သာနေ့တဓူဝ အပျော်အပါးကိန်းအောင်းပြီးမင်းမူနေသောကြောင့် အကုသိုလ်စိတ်တို့ဖြင့်
အမြဲညစ်နွမ်း၍ အသက်ရှင်နေကြရပေသည်။
ဤကဲ့သို့ညစ်နွမ်းနေသော လောဘ၊ဒေါသ၊မောဟ၊မာန တည်းဟူသောစိတ်တို့ကို သန့်ရှင်းစင်ကြယ်စေရန် ကျတော်၊
ကျမတို့၏ မာဂျူဥးဂျာရာဓမ္မာရုံတွင်သံဃာတော်အရှင်သူမြတ်တို့အား ဗုဒ္ဓဘာသာမြန်မာလူမျိုးတို့၏ ထုံးတမ်းအစဉ်အလာနှင့်အညီ
စုပေါင်းဝါဆိုသင်္ကန်း ဆပ်ကပ်လှူဒါန်းပွဲ ကျင်းပပြုလုပ်မည်ဖြစ်ပါသောကြောင့် ကလျာဏဗုဒ္ဓဘာသာအနွယ်ဝင် သူတော်စင်အပေါင်း
တို့အား စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်ပွဲသို့ ပါဝင်လာရောက်ပြီး ကုသိုလ်ပါဝင်နိုင်ကြရန် နိဗ္ဗာန်အကျိုးမျှော်၍ နှိုးဆော်တိုက်တွန်းအပ်
ပါသည်။
ဝေယျာဝစ္စ ကော်မတီအဖွဲ့၊မာဂျူးဂျာရာ ဓမ္မာရုံ

အခမ်းအနား အစီအစဉ်

နေ့ရက်။ ။၁၃၇၃ ခုနှစ်၊ဝါဆိုလဆန်း(၁၀)ရက်
၁၀.၇.၂၀၁၁(တနင်္ဂနွေနေ့)
အချိန်။ ။နံနက်(၈)နာရီမှ ညနေ(၃)နာရီ အထိ
နေရာ။ ။မာဂျူးဂျာ၇ာ ဓမ္မာရုံ(ငမန်းတောင် အပေါ်ဆုံးထပ်)
52C-1 3RD/JLN UTAMA 2/1 TMN
PERINDUSTRIAN PUCHONG UTAMA SEK 2
လမ်းညွန်။ ။U60/T510/58(METRO BUS)ကားစီး၍ မာဂျူးဂျာရာ FOOD COURT မှတ်တိုင်တွင်ဆင်းပါ။

သင်္ကန်းလှူရ အကျိုးကျေးဇူး
ရွှေသို့အဆင်း ညစ်ကြေးကင်း၍ ရောင်ဝင်းထိန်ပ နူးညံ့ရ၏ မကသိန်းဖိုး ပုဆိုးရလေ ညိုရွှေဖြူနီ ဤရှစ်လီ ကျမ်းညီ သင်္ကန်းလှူရ
အကျိုးတည်း။

(မာဂျူးဂျာရာ ဓမ္မာရုံ တွင်ပြုလုပ်မည့် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကြေငြာစာ)

No comments:

Post a Comment

ပြောချင်တာလေးတွေ ပြောခဲ့နိုင်ပါတယ်...