Friday, June 3, 2011

မေးလ်ထဲကို ရောက်လာတဲ့ စာပါ....ကူညီကြပါ






ဖိုင်အတွင်းပါ ပုံများမှာ မလေးရှားနိုင်ငံ ဂျိုဟိုး ပြည်နယ်အတွင်း တောတွင်းတနေရာတွင် ပါကေး စက်ရုံမှာ အလုပ်လုပ်ရင်း Accident ဖြစ်ကာသေဆုံးသူတစ်ဦး၏ ပုံများဖြစ်ပါသည်..သူဌေးဖြစ်သူမှ လျော်ကြေး တစ်စုံတစ်ရာ ပေးကမ်းခြင်းမရှိပါ...သက်ဆိုင်ရာသို့တိုင်တမ်းလိုသော်လည်း ဆွေမျိုးတော်စပ်သည့် အောက်တွင်ဖော်ပြမည့် သူများမှာ မည်သို့ ဆက်သွယ်တိုင်တမ်းရမည်ကို မသိကြပါ...အောက်တွင်ဖော်ပြမည့် သူများတွင် လိုအပ်သည့် သက်သေ စာရွက်စာတမ်း အပြည့်စုံ ရှိကြပါသည်..
သေဆုံးပုံမှာ ၂၀၁၀ ပြည့်နှစ် ဒီဇင်ဘာ ၂၅ ရက်နေ့နံနက်ံတွင် OT ဆင်းရင်း ပစ္စည်း အတင်ချလုပ်သည့် ဟိုက်ဒရောလစ် အလုပ်မလုပ်သည်ကို ၀င်ရောက်က ဆီထိုးရာမှ ရုတ်တရက် ပြုတ်ကျပြီး ဦးခေါင်းပိုင်းရိုက်မိကာ ပွဲချင်းပြီးသေဆုံးသွားခြင်းဖြစ်ပါသည်...သူဌေးမှ လျော်ကြေးပေးမည်ဟုဆိုကာ အချိန်ဆွဲထားပြီး ယခုအချိန်ရောက်မှ လျော်ကြေးမပေးနိုင်တော့ဟု ဆိုလာပါသည်..
အဆိုပါသူဌေးသည် လျှပ်စစ်မီးခိုးသုံးခြင်း..အလုပ်သမားများအားနှိပ်စက်ခြင်း..မြန်မာပြည်ပြန်လိုသော အလုပ်သမားများအား ပတ်စပို့စ် ပြန်မပေးပဲ နှိပ်စက်ခြင်းများပြုလုပ်ပါသည်...အပြည့်စုံ သိလိုပါက အောက်ပါ ဖုန်းနံပါတ် များအား ဆက်သွယ် စုံစမ်းနိုင်ပါသည်....
မတရား အသက်ဆုံးရှုံးရသူတစ်ယောက်အတွက်
အားကိုးလျက်
ကူညီစေချင်သူတစ်ဦး
ဆက်သွယ်ရန်
မလှိုင်လှိုင်ဝင်း(မလက္ကာ)အစ်မတော်စပ်သူ ၀၁၂ ၆၇၀၂၉၇၃
အတာ(ခ)အောင်ကျော်စိုး...ယခုလက်ရှိ ၎င်းစက်ရုံတွင် အလုပ်လုပ်နေသူ ၀၁၄ ၇၇၅၈၃၆၁
အောင်ကျော်စိုးထံမှာ သက်သေ အထောက်အထားအပြည့်စုံ ရှိပြီး လိုအပ်ပါက စက်ရုံရှိမလေး မ မှ သက်သေလိုက်ပေးမည်ဟု သိရပါသည်...

No comments:

Post a Comment

ပြောချင်တာလေးတွေ ပြောခဲ့နိုင်ပါတယ်...