Thursday, June 23, 2011

ဗိုက်အောင့်ဝေဒနာရှင်

‘ကို….(ဆက်သွယ်စုံစမ်းနိုင်ရန်….016-2004331)သည် သွေးသွန်ရောဂါဝေဒနာရှင်နှင့် တစ်ရက်တည်းတွင်
ဗိုက်အောင့်ရောဂါ ဝေဒနာကြောင့် ဆာတန်းဆေးရုံသို့ တက်ရောက်ကုသမှု့ခံယူခဲ့သော သူဖြစ်သည်။
ခံစားနေရသော ဝေဒနာမှာ ၃ ရက်နှင့် ၃ ညဆက်တိုက်ရှိသွားပြီဖြစ်သည်။သွေးသွန်ဝေဒနာရှင်အား ဆေးရုံ
လိုက်ပို့မည့် မနက်တွင် ၄င်းအားအရေးပေါ် အခြေအနေနှင့် တွေ့ရှိရ၍ ကျတော်တို့ အသင်းမှ ခေါ်ဆောင်သွားခြင်းဖြစ်သည်။ဆေးရုံရောက်၍ ဆရာဝန်၏ ဆေးစစ်ချက်အရ တွေရှိရသော ရောဂါမှာ
အစာစားချိန် မမှန်သောကြောင့်တစ်ကြောင်း၊ကွမ်းယာအစားများသောကြောင့် လည်းကောင်း ဗိုက်အောင့်
ခြင်းဖြစ်သည်။ဆရာဝန်မှ ဆေးစစ်ချက်ယူပြီးနောက် လိုအပ်သော ဆေးကုသမှု့ခံယူပြီးနောက် နေ့လည်ပိုင်းတွင်
နေအိမ်သို့ပြန်လည်ရောက်ရှိလာပါသည်။ယခုအချိန်တွင် ကို…….သည် ကျန်းမာရေးပြန်လည်ကောင်းမွန်လာ၍
ပုံမှန်ပြန်လည် အလုပ်ခွင်သို့ ဝင်နေနိုင်ပြီဖြစ်ပါသည်။
…ကျတော်တို့ ပရဟိတ အသင်းအနေဖြင့်လည်း ထိုသူတစ်ယောက်ကျန်းမာရေးပြန်လည် ကောင်းမွန်လာသောကြောင့် အထူးပင်ဝမ်းမြောက် ဝမ်းသာဖြစ်ရပါကြောင်း……………..
ပရဟိတ အသင်းသားများ……..

No comments:

Post a Comment

ပြောချင်တာလေးတွေ ပြောခဲ့နိုင်ပါတယ်...