Saturday, July 9, 2011

အရေးပေါ် ခေါင်းကွဲလူနာ

မောင်စောဋ္ဌေးလွင် သည်မေလ ၁၆ ရက်နေ့တွင် ကျတော်တို့ပရဟိတ အသင်းမှနေ၍
လိုက်လံဆောင်ရွတ်ပေးခဲ့ရသော ခေါင်းကွဲဝေဒနာရှင်ဖြစ်သည်။မောင်စောဋ္ဌေးလွင်သည်
အလုပ်မှ အပြန်တွင် လှေကားမှချော်ကျ၍ နောက်ဘက်ဂျိုစောင်းနေရာတွင် ကွဲသွားခြင်းဖြစ်သည်။
သတင်းကြားကြားချင်းပင် ကျတော်တို့လိုက်သွား၍ ကာဂျန်းဆေးရုံသို့ အမြန်ဆုံးတင်ကာ
ဆေးကုသမှု့ခံယူခဲ့ရပါသည်။ဝေဒနာရှင်မှာ သွေးထွက်လွန်၍ ကျတော်တို့ရောက်ရှိချိန်တွင်
သတိလစ်မေ့မြော၍နေပါသည်။ဆရာဝန်များမှ အမြန်ဆုံးသွေးတိတ်အောင်လုပ်ပြီးလျှင်
ကွဲနေသော နေရာအား အမြန်ဆုံးပြန်လည် ချုပ်ပြီး လူနာအား ခုတင်ပေါ်တင်ကာ နားစေပါသည်။
မိနစ် ၂၀ ခန့်ကြာသောအခါ လူနာသည် သတိပြန်လည် ရလာကာ ခေါင်းထောင်လာနိုင်ပါသည်။
ထို့နောက် ဆရာဝန်မှ ဆေးရုံတင်ရန်လိုအပ်သည်ဟုဆို၍ လူနာအား ဆေးရုံတွင် ၁ ရက်နေစေပါသည်။
နောက်တစ်နေ့တွင် ဆေးရုံမှ ပြန်လည် ဆင်းသက်လာကာ ….ယခုအခါတွင် မောင်စောဋ္ဌေးလွင်သည်
နေအိမ်သို့ပြန်လည်ရောက်ရှိနေပြီဖြစ်ပါသည်။ယခုအခါတွင် မောင်စောဋ္ဌေးလွင်သည် ရောဂါဝေဒနာ
သက်သာလာ၍ ပုံမှန်လုပ်ငန်းခွင်သို့ ဝင်ရောက်လုပ်ကိုင်နေနိုင်ပြီ ဖြစ်ပါသည်။
ကျတော်တို့ ပရဟိတ အသင်းအနေဖြင့်လည်း မောင်စောဋ္ဌေးလွင်တစ်ယောက် သေကံမရောက်
သက်မပျောက်ဘဲ ကျန်းမာရေးပြန်လည်ကောင်းမွန်လာပါသောကြောင့် ၄င်း နှင့်ထပ်တူထပ်မျှ ဝမ်းသာ
ဝမ်းမြောက်ဖြစ်ရပါတော့သည်။
(ဝေဒနာ ရှင်အားဆက်သွယ်ရန်……..016-977 9863)

…………. ပရဟိတ အသင်းသားများ….
၁၆.၅.၂၀၁၁(တနလာင်္နေ့)

No comments:

Post a Comment

ပြောချင်တာလေးတွေ ပြောခဲ့နိုင်ပါတယ်...