Friday, July 15, 2011

အရေးပေါ်...ကိုယ်ဝန်ဆောင်....

ကြုံတောင့် ကြုံခဲ…အဖြစ်အပျက်များအား ကြုံရ၍လည်း…လူတစ်ယောက်မှာ ကံကောင်းသည်ဟု
ဆိုနိုင်ပေသည်။ယခု ကျတော်တို့ ကြုံတွေ့ရသော အဖြစ်အပျက်မှာလည်း ကြုံတောင့် ကြုံခဲ ကိစ္စတစ်ရပ်ပင်။
မလွင်မာခိုင် သည် ၃၀ ရက် ၅(မေ)လတွင် မလေးရှားသို့ စတင်ရောက်ရှိလာကာ ဆရမ်ဘန်း နယ်မြေတွင်
အေးဂျင့်များ၏ အလိုကျ သူငယ်ချင်းများနှင့် မနီးမဝေး နေရာ၌ သွားရောက် အလုပ်လုပ်ကိုင်ရပါသည်။
၇(ဂျူလိုင်)လပိုင်း ၃ ရက်နေ့တွင် သူငယ်ချင်းများရှိရာ ပူချူန်းမြို့နယ်သို့လာရောက် လည်ပတ်ခဲ့
ပါသည်။ထိုနေ့ညတွင် အိမ်တွင်နေရင်းမှ မလွင်မာခိုင် သည်အမောဖောက်သောပုံစံ ဖြစ်လာကာ ရင်ကျပ်
သည်ဆို၍ နီးစပ်ရာ ဆေးခန်းတစ်ခုသို့ သူငယ်ချင်းများမှ လိုက်လံပို့ဆောင် ခဲ့ရပါသည်။ဆရာဝန်များမှ လိုအပ်
သည်များကို စမ်းသပ်စစ်ဆေးပြီးနောက် ညတွင်းချင်းပင် နေအိမ်သို့ ပြန်လည်ရောက်ရှိလာခဲ့ပါသည်။
နောက်တစ်နေ့ မနက်ပိုင်းတွင် တဖန်ပြန်လည်၍ ရောဂါထလာသောကြောင့် ပူချုန်းမြို့နယ်ရှိ
ဘင်တန်းဆေးခန်း(ထိုဆေးခန်းတွင် မြန်မာ နာ့စ်မများ ရှိသည်ကို အကြောင်းပြု၍)သို့ သွားရောက် ပြသခဲ့ပါ
သည်။ယခုတစ်ကြိမ်တွင်မူ ဆရာဝန်၏ ဆေးစစ်ချက်အရ မလွင်မာခိုင်တွင် ကိုယ်ဝန် ၅ လရှိနေပြီဖြစ်ကြောင်း
သိခဲ့ရပါသည်။ထို့ကြောင့် ဆရာဝန်မှ လိုအပ်သော သောက်ဆေးများပေးကာ နေအိမ်သို့ပြန်လည် အနားယူစေ
ခဲ့ပါသည်။
နေအိမ်သို့ပြန်ရောက်ပြီး……ညနေပိုင်းတွင် မလွင်မာခိုင်မှာ ရေချိုးခန်းမှအထွက် ချော်လဲသောကြောင့်
ကလေးမှာ ပြောင်းပြန်ဖြစ်သွားကာ သွေးများအလွန်အမင်း စီးကျလာပါသည်။ထို့ကြောင့်…..ချက်ခြင်းပင်
ဘင်တန်းဆေးခန်းသို့ ပြန်လည် ပို့ဆောင်ပြီး…..လူနာအား အရေးပေါ်ဆေးကုသမှု့ ခံယူခဲ့ပါသည်။ဆရာဝန်
မှ ဆေးရုံတက်ရန် လိုအပ်သည်ဆို၍ ညတွင်းချင်းပင် မလွင်မာခိုင်အား နီးစပ်ရာ ဆာတန်းဆေးရုံသို့
ပို့ဆောင်ခဲ့ပါသည်။သွေးမှာ အလွန်အမင်း ဆင်းပြီးနေချိန် ဖြစ်သောကြောင့် ဆေးရုံသို့ရောက်ချိန်တွင်
မလွင်မာခိုင်မှာ သွေးအား အလွန်ပင်နည်းနေပြီဖြစ်ပါသည်။ဆရာဝန်များမှာ ချက်ခြင်းပင် အရေးပေါ် အခန်းထဲ
သို့ လူနာအား ပို့ဆောင်စေပြီး….ဆေးကုသမှု့ခံယူခဲ့ပါသည်။ဆရာဝန်များ၏ ကုသမှု့အရ ညနက်ပိုင်းအထိ
ခလေးရော မိခင်ပါ ကျန်းကျန်းမာမာ ရှိပါသည်။မနက် လင်းချိန် နီးလောက်တွင် လူနာမှာ သွေးများပြန်လည်
ဆင်းလာကာ ခလေးပါ သွေးနှင့်အတူ ပါသွားခဲ့ပါသည်။ခလေးမှာ ၅ လသားအရွယ်ရှိနေပြီ ဖြစ်သောကြောင့်
ပုံမှန်ခလေးမွေးသော မိခင်သည်လိုပင် မလွင်မာခိုင်အား မွေးလူနာဆောင် သို့ ပြောင်းရွှေ့ထားခဲ့ပါသည်။
ဆေးရုံတွင် တစ်ပတ် နေပြီးနောက် ပုံမှန်အခြေအနေပြန်လည်ရောက်ရှိလာသောကြောင့် မလွင်မာခိုင် သည်
၁၂ ရက် ရ လ ပိုင်းတွင် နေအိမ်သို့ပြန်လည်ရောက်ရှိလာခဲ့ပါသည်။
ဤကိစ္စတွင် အေးဂျင့်များ ဘက်မှနေ၍ အကူအညီ နှင့် တူသောအရိပ်အယောင် တစ်ခုမှ မမြင်ရပါ
ကြောင်း(ဥပမာ-စာအုပ်သမားများ အတွက် အသက်အာမခံ နှင့် အခြားသော ခံစားခွင့်များ…)
အသက်အန္တရာယ် နှင့်နီးစပ်သော ကိစ္စအား ကျော်လွှားနိုင်ခဲ့ပြီး…..ယခုအခါ မလွင်မာခိုင် သည်
ကျန်းကျန်းမာမာ ဖြင့်နေအိမ်၌ ရှိနေပါကြောင်း………..
(ကျန်ရှိသော ကိစ္စအဝဝ အား ဆက်သွယ်စုံစမ်းလိုပါက ကာယကံရှင်ထံသို့သာ တိုက်ရိုက် ဆက်သွယ်စေ
လိုပါသည်……)………
ကျေးဇူးတင်ပါသည်
ပရဟိတ အသင်း…..(ပူချူန်း)….
၁၃-၇-၂၀၁၁

No comments:

Post a Comment

ပြောချင်တာလေးတွေ ပြောခဲ့နိုင်ပါတယ်...