Sunday, July 24, 2011

မိမိကောင်းမှု့...အကြောင်းပြု..တောင်းဆုပြည့်ပါစေ......

များစွာ…. စိတ်မကောင်း ဖြစ်ရပါသည်။……….
သင်…သည်ကိုယ်ကျိုးမငှဲ့ပဲနှင့်……အများအကျိုးကို…တက်နှိင်သလောက်…သင်…..ဆောင်ရွတ်နေပါသည်။
သင့်…အတွက်…မည်သည့်အကျိုးအမြတ်တစ်စုံတစ်ရာ….မှ…မရှိပဲနှင့်….သင်….စွန့်စားသွားလာနေပါသည်။
သင့်…မိသားစု…စားဝတ်နေရေးထက် အများအတွက်ကို…သင်….ဦးစားပေးပြီး….လုပ်နေပါသည်။
သင့်….ကျန်းမာရေးမှ…ဂရုမစိုက်….လူအများ..ဘဝကို…သင်…ကိုယ်ချင်းစာနာစိတ်ဖြင့်..လုပ်ပေးနေပါသည်။
သင်…ကိုယ်တိုင်…ရဲမကြောက်အား…..လူအများ….ဒုက္ခမရောက်အောင်…သင်..စတေးခံနေပါသည်။
……..ဒီလို..အခြေနေတွေမှာ…သင်..ပင်ပန်းကောင်း…ပင်ပန်းနေပါလိမ့်မည်။သို့ပေမဲ့လည်း….သင့်…ရဲ့…
ပြည့်ဝနေပြီးသား..စိတ်ဓာတ်များကြောင့်….သင်..အားလုံးကို….သည်းညည်းခံနေနိုင်ပါသည်။………………
…….ဒီလိုအခြေအနေမှာ….သင့်…စွမ်းဆောင်မှု့တွေကိုလည်း…..အားမပေး….တက်နိုင်တဲ့ဘက်ကလည်း
မကူညီ…..ဘဲနှင့်….သင့်..အား…နောက်မှနေ၍…အကျိုးမရှိစကားများကို..သင့်..ကွယ်ရာတွင်လည်းကောင်း….
သင့်….ရှေ့တွင်လည်းကောင်း၊လူအများကြား…..ပြောမည့်သူများရှိနေပါဦးမည်။
…….ဤအခြေအနေနှင့်….ရင်ဆိုင်နေရချိန်တွင်….သင်….မည်သို့ခံစားရပါမည်နည်း…..နောက်………………..
သင်……မည်ကဲ့သို့….တုန်ပြန်မည်ဟုစဉ်းစားမိပါမည်နည်း….? ? ? ? ? ……………
(………ကျတော်တို့သည်…..ပရဟိတ…စိတ်ဓာတ်အပြည့်အဝဖြင့်….ကြုံလာသမျှသော…ကိစ္စအားလုံးကို…
လိုက်လံဆောင်ရွတ်ပေးနေပါသည်။ရှိသမျှသော…ကျတော်တို့၏…ဘဏ္ဏာငွေသည်…ကျတော်တို့..လိုက်လံ
ဆောင်ရွတ်ပေးနေသော…သူများအတွက်..ဖြစ်ရမည်….ဘဏ္ဏာငွေကုန်ခန်းသွားချိန်…ကျန်ရှိသော..ကျတော်
တို့၏အားအင်များသည်လည်း….ကျတော်တို့၏….ကာယကံရှင်အများအတွက်သာဖြစ်ရမည်။……………….
………သို့ပါသောကြောင့်….မည်သူတစ်ဦးတစ်ယောက်၏ ထိုးနှက်ချက်စကားများကိုလည်း….မည်သို့မျှ….
ကျတော်တို့…တုန့်ပြန်မည်မဟုက်ပါ။ဖြစ်ပြီးသား….ကုသိုလ်ကောင်းမှု့များနေရာတွင်….မည်သို့သော….
အကုသိုလ်များကိုမျှ….လုံးဝ….(လုံးဝ)…အစားထိုးလိမ့်မည်…မဟုက်ပါ….)

အာမခံချက်…အပြည့်အဝဖြင့်…(ပရဟိတ အသင်း)….24/7/2011

Friday, July 22, 2011

အလိုရှိနေပါသည်....ပရဟိတ..ဖြင့်သာ....

ကျတော်ကိုယ်တိုင်လည်း.....ဘယ်သောအခါမှ ...ပင်ပန်းသည်ဟု သဘောမထားပါ။ကိုယ်တိုင်လည်းစိတ်ပါဝင်စားစွာ..
လိုက်လံဆောင်ရွတ်ပေးလိုသော စိတ်ကြောင့်မည်သို့သောအခါမှ ကျတော်....လူတွေကို...မညည်းတက်ပါ။အဘယ့်ကြောင့်
ဆိုသော်...ကျတော်ကိုယ်တိုင် လူဖြစ်နေသောကြောင့်ပင်။လူမှန်လျှင်..တစ်နေ့..အိုရမည်...တစ်နေ့..မလွဲမသွေ...ပင်...
ကျတော်တို့အား...မညည်းမငြူစောင့်စားလျှက်ရှိသော....သေခြင်းတရားနှင့်....ဧကန်မုချ ကြုံတွေ့ရဦးမည်ဖြစ်သည်။
ထိုသို့..
ဖြစ်လာချိန်...ကျတော်သည် တစ်ကောင်ကြွက်....ကျတော်သည်...မိမရှိ..ဖမရှိ...ကျတော်သည်..အပေါင်းအသင်းမရှိ
...ကျတော့်အား...မည်သူတစ်ဦးတစ်ယောက် မှလာ၍....အပင်ပန်းခံ...အချိန်ပေးပြီး..စောင့်ရှောက်ပါမည်နည်း...?

ထိုသို့သော...အကြောင်းအရာသည်....သင့်ဘဝဖြစ်ခဲ့မည်ဆိုလျှင်...ထိုသို့သော..အချိန်...မည်သူ့ကို...သင်..အလိုရှိမည်နည်း။
ဒီနေ့ဟာ...ကျတော့်ဘဝရဲ့...နောက်ဆုံးနေ့လို့....သဘောထားပြီး..လူတွေမှာကြုံနေတဲ့..အခက်အခဲတွေ...
ဒုက္ခတွေအားလုံးကို ကျတော်...ပရဟိတ..စိတ်ဓာတ်အပြည့်နဲ့...လိုက်လံ...ကူညီဖြေရှင်းပေးပါရစေလို့....
......(ပရဟိတ စိတ်ဓာတ်များဖြင့် ပရဟိတ လုပ်ငန်းများအား လိုက်လံကူညီဆောင်ရွတ်ပေးသူများ...အလိုရှိသည်)....
...........................
..................
...............
.......ပရဟိတ အသင်း(ပူချုန်း)

Friday, July 15, 2011

အရေးပေါ်...ကိုယ်ဝန်ဆောင်....

ကြုံတောင့် ကြုံခဲ…အဖြစ်အပျက်များအား ကြုံရ၍လည်း…လူတစ်ယောက်မှာ ကံကောင်းသည်ဟု
ဆိုနိုင်ပေသည်။ယခု ကျတော်တို့ ကြုံတွေ့ရသော အဖြစ်အပျက်မှာလည်း ကြုံတောင့် ကြုံခဲ ကိစ္စတစ်ရပ်ပင်။
မလွင်မာခိုင် သည် ၃၀ ရက် ၅(မေ)လတွင် မလေးရှားသို့ စတင်ရောက်ရှိလာကာ ဆရမ်ဘန်း နယ်မြေတွင်
အေးဂျင့်များ၏ အလိုကျ သူငယ်ချင်းများနှင့် မနီးမဝေး နေရာ၌ သွားရောက် အလုပ်လုပ်ကိုင်ရပါသည်။
၇(ဂျူလိုင်)လပိုင်း ၃ ရက်နေ့တွင် သူငယ်ချင်းများရှိရာ ပူချူန်းမြို့နယ်သို့လာရောက် လည်ပတ်ခဲ့
ပါသည်။ထိုနေ့ညတွင် အိမ်တွင်နေရင်းမှ မလွင်မာခိုင် သည်အမောဖောက်သောပုံစံ ဖြစ်လာကာ ရင်ကျပ်
သည်ဆို၍ နီးစပ်ရာ ဆေးခန်းတစ်ခုသို့ သူငယ်ချင်းများမှ လိုက်လံပို့ဆောင် ခဲ့ရပါသည်။ဆရာဝန်များမှ လိုအပ်
သည်များကို စမ်းသပ်စစ်ဆေးပြီးနောက် ညတွင်းချင်းပင် နေအိမ်သို့ ပြန်လည်ရောက်ရှိလာခဲ့ပါသည်။
နောက်တစ်နေ့ မနက်ပိုင်းတွင် တဖန်ပြန်လည်၍ ရောဂါထလာသောကြောင့် ပူချုန်းမြို့နယ်ရှိ
ဘင်တန်းဆေးခန်း(ထိုဆေးခန်းတွင် မြန်မာ နာ့စ်မများ ရှိသည်ကို အကြောင်းပြု၍)သို့ သွားရောက် ပြသခဲ့ပါ
သည်။ယခုတစ်ကြိမ်တွင်မူ ဆရာဝန်၏ ဆေးစစ်ချက်အရ မလွင်မာခိုင်တွင် ကိုယ်ဝန် ၅ လရှိနေပြီဖြစ်ကြောင်း
သိခဲ့ရပါသည်။ထို့ကြောင့် ဆရာဝန်မှ လိုအပ်သော သောက်ဆေးများပေးကာ နေအိမ်သို့ပြန်လည် အနားယူစေ
ခဲ့ပါသည်။
နေအိမ်သို့ပြန်ရောက်ပြီး……ညနေပိုင်းတွင် မလွင်မာခိုင်မှာ ရေချိုးခန်းမှအထွက် ချော်လဲသောကြောင့်
ကလေးမှာ ပြောင်းပြန်ဖြစ်သွားကာ သွေးများအလွန်အမင်း စီးကျလာပါသည်။ထို့ကြောင့်…..ချက်ခြင်းပင်
ဘင်တန်းဆေးခန်းသို့ ပြန်လည် ပို့ဆောင်ပြီး…..လူနာအား အရေးပေါ်ဆေးကုသမှု့ ခံယူခဲ့ပါသည်။ဆရာဝန်
မှ ဆေးရုံတက်ရန် လိုအပ်သည်ဆို၍ ညတွင်းချင်းပင် မလွင်မာခိုင်အား နီးစပ်ရာ ဆာတန်းဆေးရုံသို့
ပို့ဆောင်ခဲ့ပါသည်။သွေးမှာ အလွန်အမင်း ဆင်းပြီးနေချိန် ဖြစ်သောကြောင့် ဆေးရုံသို့ရောက်ချိန်တွင်
မလွင်မာခိုင်မှာ သွေးအား အလွန်ပင်နည်းနေပြီဖြစ်ပါသည်။ဆရာဝန်များမှာ ချက်ခြင်းပင် အရေးပေါ် အခန်းထဲ
သို့ လူနာအား ပို့ဆောင်စေပြီး….ဆေးကုသမှု့ခံယူခဲ့ပါသည်။ဆရာဝန်များ၏ ကုသမှု့အရ ညနက်ပိုင်းအထိ
ခလေးရော မိခင်ပါ ကျန်းကျန်းမာမာ ရှိပါသည်။မနက် လင်းချိန် နီးလောက်တွင် လူနာမှာ သွေးများပြန်လည်
ဆင်းလာကာ ခလေးပါ သွေးနှင့်အတူ ပါသွားခဲ့ပါသည်။ခလေးမှာ ၅ လသားအရွယ်ရှိနေပြီ ဖြစ်သောကြောင့်
ပုံမှန်ခလေးမွေးသော မိခင်သည်လိုပင် မလွင်မာခိုင်အား မွေးလူနာဆောင် သို့ ပြောင်းရွှေ့ထားခဲ့ပါသည်။
ဆေးရုံတွင် တစ်ပတ် နေပြီးနောက် ပုံမှန်အခြေအနေပြန်လည်ရောက်ရှိလာသောကြောင့် မလွင်မာခိုင် သည်
၁၂ ရက် ရ လ ပိုင်းတွင် နေအိမ်သို့ပြန်လည်ရောက်ရှိလာခဲ့ပါသည်။
ဤကိစ္စတွင် အေးဂျင့်များ ဘက်မှနေ၍ အကူအညီ နှင့် တူသောအရိပ်အယောင် တစ်ခုမှ မမြင်ရပါ
ကြောင်း(ဥပမာ-စာအုပ်သမားများ အတွက် အသက်အာမခံ နှင့် အခြားသော ခံစားခွင့်များ…)
အသက်အန္တရာယ် နှင့်နီးစပ်သော ကိစ္စအား ကျော်လွှားနိုင်ခဲ့ပြီး…..ယခုအခါ မလွင်မာခိုင် သည်
ကျန်းကျန်းမာမာ ဖြင့်နေအိမ်၌ ရှိနေပါကြောင်း………..
(ကျန်ရှိသော ကိစ္စအဝဝ အား ဆက်သွယ်စုံစမ်းလိုပါက ကာယကံရှင်ထံသို့သာ တိုက်ရိုက် ဆက်သွယ်စေ
လိုပါသည်……)………
ကျေးဇူးတင်ပါသည်
ပရဟိတ အသင်း…..(ပူချူန်း)….
၁၃-၇-၂၀၁၁

Saturday, July 9, 2011

အရေးပေါ် ခေါင်းကွဲလူနာ

မောင်စောဋ္ဌေးလွင် သည်မေလ ၁၆ ရက်နေ့တွင် ကျတော်တို့ပရဟိတ အသင်းမှနေ၍
လိုက်လံဆောင်ရွတ်ပေးခဲ့ရသော ခေါင်းကွဲဝေဒနာရှင်ဖြစ်သည်။မောင်စောဋ္ဌေးလွင်သည်
အလုပ်မှ အပြန်တွင် လှေကားမှချော်ကျ၍ နောက်ဘက်ဂျိုစောင်းနေရာတွင် ကွဲသွားခြင်းဖြစ်သည်။
သတင်းကြားကြားချင်းပင် ကျတော်တို့လိုက်သွား၍ ကာဂျန်းဆေးရုံသို့ အမြန်ဆုံးတင်ကာ
ဆေးကုသမှု့ခံယူခဲ့ရပါသည်။ဝေဒနာရှင်မှာ သွေးထွက်လွန်၍ ကျတော်တို့ရောက်ရှိချိန်တွင်
သတိလစ်မေ့မြော၍နေပါသည်။ဆရာဝန်များမှ အမြန်ဆုံးသွေးတိတ်အောင်လုပ်ပြီးလျှင်
ကွဲနေသော နေရာအား အမြန်ဆုံးပြန်လည် ချုပ်ပြီး လူနာအား ခုတင်ပေါ်တင်ကာ နားစေပါသည်။
မိနစ် ၂၀ ခန့်ကြာသောအခါ လူနာသည် သတိပြန်လည် ရလာကာ ခေါင်းထောင်လာနိုင်ပါသည်။
ထို့နောက် ဆရာဝန်မှ ဆေးရုံတင်ရန်လိုအပ်သည်ဟုဆို၍ လူနာအား ဆေးရုံတွင် ၁ ရက်နေစေပါသည်။
နောက်တစ်နေ့တွင် ဆေးရုံမှ ပြန်လည် ဆင်းသက်လာကာ ….ယခုအခါတွင် မောင်စောဋ္ဌေးလွင်သည်
နေအိမ်သို့ပြန်လည်ရောက်ရှိနေပြီဖြစ်ပါသည်။ယခုအခါတွင် မောင်စောဋ္ဌေးလွင်သည် ရောဂါဝေဒနာ
သက်သာလာ၍ ပုံမှန်လုပ်ငန်းခွင်သို့ ဝင်ရောက်လုပ်ကိုင်နေနိုင်ပြီ ဖြစ်ပါသည်။
ကျတော်တို့ ပရဟိတ အသင်းအနေဖြင့်လည်း မောင်စောဋ္ဌေးလွင်တစ်ယောက် သေကံမရောက်
သက်မပျောက်ဘဲ ကျန်းမာရေးပြန်လည်ကောင်းမွန်လာပါသောကြောင့် ၄င်း နှင့်ထပ်တူထပ်မျှ ဝမ်းသာ
ဝမ်းမြောက်ဖြစ်ရပါတော့သည်။
(ဝေဒနာ ရှင်အားဆက်သွယ်ရန်……..016-977 9863)

…………. ပရဟိတ အသင်းသားများ….
၁၆.၅.၂၀၁၁(တနလာင်္နေ့)