Monday, November 7, 2011

ပရဟိတအသင်း ၏ ဒုတိယအကြိမ်မြောက် စုပေါင်း မဟာဘုံကထိန် ပွဲတော်

ကျတော်တို့ ပရဟိတ အသင်းမှ ဦးစီး၍ ပူချုန်းမြို့နယ် တွင်း ရှိကြကုန်သော
ရွှေညီအစ်ကို မောင်နှမများအားလုံး စုပေါင်းကုသိုလ် ယူခဲ့ကြသော ဒုတိယ
အကြိမ်မြောက် မဟာဘုံကထိန် သက္ကန်း ဆက်ကပ် လှူဒါန်းပွဲအား
(၆ ရက် ၁၁ လ ၂၀၁၁) ခုနှစ်တွင် အောင်မြင်စွာ ကျင်းပပြုလုပ်ပြီးစီကြောင်း
အသိပေးကြေငြာအပ်ပါသည်။
အဘက်ဘက်မှ တက်စွမ်းသ၍ ဝိုင်းဝန်းကူညီပေးခဲ့ကြကုန်သော
မိတ်ဆွေ အပေါင်းအသင်းများအား လည်းကောင်း၊တရားခွေများအား ကုသိုလ်
ယူ ဖြန့်ဝေပေးခဲ့သော ဦးသန်းညွန့်အား လည်းကောင်း၊တရား စာအုပ်များအား
လှူဒါန်း ကုသိုလ်ယူခဲ့သော ရွှေလက်ရာ မြန်မာ ထမင်းဆိုင်အားလည်းကောင်း၊
အကြွေးအမွေး ဒါနပြု ကုသိုလ်ယူခဲ့သော ရွှေမြန်မာ ထမင်းဆိုင်အားလည်းကောင်း
တရားရေအေး တိုက်ကျွေးပေးခဲ့သော ဆရာတော် များအားလည်းကောင်း၊……..
အထူးပင်ကျေးဇူး တင်ရှိပါသည်။လာမည့် နှစ်တိုင်း နှစ်တိုင်းတွင်လည်း ဤကဲ့သို့
ကုသိုလ်ယူ ပါဝင်နှိင်ကြစေရန် ဆုတောင်းမေတ္တာ ပို့သအပ်ပါသည်။
ကျေးဇူးအထူးတင်လျှက်
ပရဟိတအသင်း(ပူချုန်း)
၆/၁၁/၂၀၁၁

No comments:

Post a Comment

ပြောချင်တာလေးတွေ ပြောခဲ့နိုင်ပါတယ်...