Sunday, January 16, 2011

ဝိုင်းဝန်းစဉ်စားပေးကြပါ...ဘယ်လိုလုပ်သင့်တယ်ဆိုတာပေါ့....

နမူနာလေး တစ်ခုကိုကြည့်ပြီး ရေရှည်အတွက် ဘယ်လိုလုပ်သင့်သလဲ ဆိုတာကို ဝိုင်းဝန်းစဉ်းစားပေးကြပါဦး။
ဒီလိုပါ...ကျတော်တို့ ထဲကလူနာတစ်ယောက်ဟာ ဆရာဝန်ရဲ့ဆေးစာအရ မဖြစ်မနေဆေးရုံတက်ရပါတယ်။ဒီမှာ ပြသနာ
စတော့တာပါဘဲ။အရင်ကတော့ ဆေးရုံ၊ဆေးပေးခန်း တင်ရတာ အင်မတန်မှ လွယ်ကူလှပါတယ်။ဘာ..တစ်စုံတစ်ရာမှ
အခက်အခဲ မရှိဘူး ပြောရမှာပါ။အခုတော့ ဒီလိုမဟုတ်ပါဘဲ(သီချင်းစာသား မဟုတ်ပါ)အဝင်အထွက်တွင်စစ်ဆေးမေးမြန်း
မှု့များ ရှိလာပါသည်။အကယ်၍များ လူနာသည် ပက်စ်ပို့ စာအုပ်သော်လည်းကောင်း၊အဖွဲ့အစည်း ကဒ်တစ်ခုခုသော် လည်း
ကောင်း ရှိမှရပါမည်။အကယ်၍သင်သည် ပက်စ်ပို့မိတ္တူ တစ်ခုခု(ဆေးရုံအတက်တွင်)ကိုင်ဆောင်ထားပါက(အသုံးပြုလိုက်
ပါက)ဆေးရုံ အဆင်းတွင်၊သင်သည် ပတ်စ်ပို့မူရင်းအား ကောင်တာတွင်ပြသရပါလိမ့်မည်။မပြသနိုင်ပါက သင့်အား ဆေး
ရုံရဲစခန်း သို့ ခေတ္တအပ်နှံထားပါလိမ့်မည်။(ဒါဆိုယင်တော့ အနည်းဆုံး RM-1000 လို့တွက်လို့ရပြီပေါ့)ရှေ့တွင်လည်း
ကျတော်တို့ တွေ့ကြုံပြီးဖြစ်ပါသည်။(မွေးလူနာတစ်ယောက်မှာ..RM 1000၊နောက်မွေးလူနာ တစ်ယောက်မှာ RM 400၊
နောက်ဆုံး တစ်ယောက်မှာ RM 200)
ဤသို့ရှိပါသည်..................................................
အကယ်၍များ သင်သည် အဖွဲ့အစည်း တစ်ခုခုမှ ကဒ်တစ်ခုခုကိုင်ဆောင်ထားသည် ဆိုပါက..ဆေးရုံ(သို့)ဆေးခန်း
အဝင်အထွက်တွင် ဤကဒ်ဖြင့်သာ အေးရာအေးကြောင်း ဖြစ်သွားမည်ဖြစ်ပါသည်။(စာအုပ်ထက်ပင် အများကြီး လူပင်ပန်း
သက်သာသေးသည်)။..
သို့သော်....ဤကဒ်တစ်ခုရရန် သင့်ထံတွင်အနည်းဆုံး မလေးရှားရင်းဂစ် ၂၀၀ ရှိရပါမည်။ကဒ်ကြေးမှာ ၅၀ မျှသာ
ရှိပသည်။သို့သော်...လစဉ်ကြေးအနေဖြင့် ၆ လစာ(သို့မဟုက်)၁ နှစ်စာပေးဆောင်ကြရပါသည်။ယခုအခါတွင် ဤကိစ္စမှာ
အဖွဲ့အစည်းတိုင်းအတွင်း အစဉ်အလာ(ထုံးစံ)တစ်ခုလိုဖြစ်နေပါသည်။နောက်ခံဆွေမျိုးသားချင်း မရှိသူများအနေဖြင့် ဤငွေ
၂၀၀ မှာ အင်မတန်မှတန်ဖိုးကြီးလှပါသည်။ထိုငွေ ၂၀၀ ကုန်၍အစအဆုံး လိုက်လံဆောင်ရွတ်ပေးလျှင်လည်း တော်ပါသေး
၏။သို့သော်..ထိုငွေ ၂၀၀ မှာ၎င်းကဒ် သင်တို့လက်ထဲ ရောက်ရှိရုံသက်သက်မျှသာ ဖြစ်ပါသည်။နောက်ပိုင်းကိစ္စများမှာ
သင်တို့တာဝန်ဖြစ်သည်။ကျတော်တို့ ပရဟိတ အသင်းအနေဖြင့် ဤကိစ္စများမှာ မကြာခဏဆိုသလို ကြုံတွေ့လာနိုင်ပါသည်။
ကာယကံရှင် အနေဖြင့်သော်လည်းကောင်း၊ကျတော်တို့ အသင်းအနေဖြင့်သော်လည်းကောင်း အကုန်အကျ အားဖြင့်
များစွာတက်နိုင်ခြင်းမရှိသော အခြေအနေတွင် အခက်အခဲ ကြုံလာနိုင်ပါသည်။ဤအခက်အခဲအား ဖြေရှင်းရန်(သို့မဟုက်)
ကျတော်တို့ ပရဟိတအသင်းလေးအား အခက်အခဲမဖြစ်စေရန်အလို့ငှာ အဖွဲ့အစည်း(သို့)တာဝန်သိသူများအနေဖြင့် တက်
နိုင်သောဘက်မှ ဝိုင်းဝန်းကူညီစေချင်ပါသည်၊ပရဟိတ အသင်း အနေဖြင့်လည်း တက်နိုင်သမျှသောသာရေးနာရေး လုပ်ငန်း
များ၊လူသားအကျိုးပြု လုပ်ငန်းများကို အစဉ်တစိုက် လုပ်ဆောင်သွားမည်ဖြစ်ပါသည်။
.....ပရဟိတ အသင်းသားများ.......

1 comment:

ပြောချင်တာလေးတွေ ပြောခဲ့နိုင်ပါတယ်...