Saturday, January 22, 2011

အရေးပေါ်..သွေးသွန်လူနာ

...ကို.......(ဆက်သွယ်ရန်...016-6162781..ဤဖုန်းနံပါတ်အားဆက်သါယ်စုံစမ်းနိုင်ပါသည်။)သည် ၃.၅ ၂၀၁၁ ရက်နေ့တွင် စတင်ကာ အစာစားချင်စိတ်လုံးဝမရှိတော့ဘဲ တဖြည်းဖြည်း အားအင်ချည့်နဲ့လာကာဝမ်းသွားလျှင်
သွေးများလိုက်၍လာပါသည်။တစ်ပတ်ခန့်ကြာသော် သွေးဆင်းလွန်၍ မထူနိုင်.မထောင်နိုင် ဖြစ်လာပါသည်။ဤသို့ဖြင့် ကျတော်တို့ ဆီကို ဆက်သွယ်သတင်းပေးချက်အရ နီးစပ်ရာ ဆေးခန်းသို့လိုက်လံ ပို့ဆောင်၍ ပြသကြည့်သောအခါ ဆရာဝန်မှနေ၍ အမြန်ဆုံးဆေးရုံတင်ရန် ဆေးစာရေးပေးလိုက်ပါသည်။ထိုဆေးစာအရ နံနက်တွင် နီးစပ်ရာ ဆာတန်းဆေးရုံသို့ လိုက်လံပို့ဆောင်ကာ ဆေးကုသမှု့ ခံယူခဲ့ပါသည်။ဆေးရုံမှ တာဝန်ရှိသူများ၏ ပြောပြချက်အရ ၄င်း၏ရောဂါမှာ သွေးအား အလွန်အမင်းနည်း၍ အားအင်ချည့်နဲ့သော သွေးဆင်းရောဂါ တစ်မျိုးဖြစ်ကြောင်းသိရပါသည်။ထို့ကြောင့် ကျတော်တို့ ပရဟိတ အသင်းမှ
လိုအပ်မှု့ အစုစုအား ဆရာဝန်နှင့်တိုင်ပင်၍ လိုက်လံဆောင်ရွတ်ပေးခဲ့ပါသည်။ဆေးရုံတွင် ၂ ည အိပ် ၃ ရက်နေရ၍ သွေး ၎
ပုလင်း၊ဂလူးကိုစ့် ၁ ပုလင်း သွင်းခဲ့ပါသည်။ရောဂါအခြေအနေ ပြန်လည်ကောင်းမွန်လာ၍ ၃ ရက်မြောက်နေ့တွင် ဆေးရုံမှပြန်လည်
ဆင်းသက်လာပါသည်။ယခုအခါ ကို...သည်ကျန်းမာရေးအထူးကောင်းမွန်၍ ပုံမှန်အလုပ်ပြန်လည် လုပ်ဆောင်နိုင်နေပြီဖြစ်ပါသည်။
......ပရဟိတ အသင်းအနေဖြင့် ကို......ပြန်လည်ကျန်းမာရေးကောင်းမွန်လာသောကြောင့် အထူးပင် ဝမ်းသာပီတိ ဖြစ်ရပါကြောင်း...
..... ပရဟိတ အသင်းမှ မှတ်တမ်းတင်အပ်ပါသည်။.......
ပရဟိတ အသင်း (ပူချုန်း)

No comments:

Post a Comment

ပြောချင်တာလေးတွေ ပြောခဲ့နိုင်ပါတယ်...