Friday, September 23, 2011

ကူညီနှိုင်ကြပါစေဗျာ...

အရေးပေါ်ကျန်းမာရေးကွက်လပ်လေးကိုဖြည့်ပေးပါ
ရင်သားကင်ဆာဝေဒနာရှင် ဒေါ်ရိုစီ အတွက် ကီမိုဆေး(၆)ကြိမ်သွင်းရန် အလှူရှင် လိုအပ်နေပါသ ဖြင့်ဆေးဒါန ပြုချင်သူများဆက်သွယ်လှူဒါန်းနိုင်ပါသည်။ခွဲစိတ်မှုအတွက် HEI NGO အဖွဲ့မှလှူဒါန်း သဖြင့် ခွဲစိတ်ပြီးဖြစ်ပါသည်။ သို့သော်လည်း ဝေဒနာမှာ ကီမိုဆေးသွင်း၍ဆက်လက်ကုသရန် လိုအပ် နေပါသည်။ ဆေးတစ်လုံးလျှင် ( ရင်းဂစ် ၃၀၀ ) နှုန်းဖြင့် ( ၆ ) ကြိမ်သွင်းရန်လိုအပ်နေပါသည်။ ဝေဒနာရှင်သည်လည်း ဆေး( ၆ ) ကြိမ်သွင်းရန်ငွေကြေးခက်ခဲနေပါ သဖြင့်စေတနာရှင်များမှ တိုက် ရိုက်ဆက်သွယ်လှူဒါန်းပေးပါရန်နှိုးဆော်အသိပေးအပ်ပါသည်။
ဆက်သွယ်လှူဒါန်းရန်
ဝေဒနာရှင်ဒေါ်ရိုစီ - ၀၁၆ ၆၆၄ ၈၇၆၄
ကိုရေခဲ - ၀၁၀ ၅၀၆ ၈၁၆၄
ကိုရာဇာမိုး - ၀၁၀ ၂၀၄ ၁၂၆၁

Tuesday, September 13, 2011

လူတိုင်းတစ်နေ့ကြုံတွေ့လာနှိင်သော.......





ပုံတွင်ပါရှိသော..ဦးအေးမြင့်...သည် လက်ရှိဆာတန်းနယ်မြေတွင် နေထိုင်ပြီး သွေးတိုးနှင့်အသည်းအဆီဖုံး ဝေဒနာခံစား
နေရသူဖြစ်ပါသည်။လွန်ခဲ့သော ရက်သတ္တပက်ခန့်တွင်မှ ဆေးရုံမှဆင်းလာခြင်းဖြစ်ပါသည်။လက်ရှိဆေးရုံတွင် ကုသစရိတ် 2700 RM
ကျော်ကျော် ကုန်ကျခဲ့ပါသည်။သို့သော် ဆေးရုံတွင် 2000 RM သာရှင်းနှိင်ခဲ့ပါသောကြောင့် အကြွေး 700 RM ကျော်ကျန်ရှိခဲ့ပါသည်။
ထိုအကြွေး 700 RM အား လက်ရှိ ကျတော်တို့စေတနာရှင်များမှနေ၍ စုပေါင်း စိုက်လှူပေးမည်ဖြစ်ပါသည်။အကယ်၍ စေတနာရှင်များ
မှ ပါဝင်လှူဒါန်းလိုပါက အောက်ပါဖုန်းနံပါတ်များသို့ဆက်သွယ် လှူဒါန်းနှိင်ပါသည်။
ရေခဲ......010-5068 164
ရာဇာဦး....017-2822 015
....
.....ကျေးဇူးတင်ပါသည်....စေတနာများဖြင့်....(ပရဟိတ အသင်း)